The Rock (1996)

IMDb (7.4/10)…Rotten Tomatoes (66%)မင်းသားကြီးရှောင်ကွန်နရီ နဲ့ နီကိုလပ်ကေ့ခ်ျ တို့အဓိကပါဝင်ထားတဲ့ ဒီဇာတ်ကားကြီးဟာ Armageddon,Transformers ဇာတ်ကားတွေကို ဖန်တီးသူ ဒါရိုက်တာ Michael Bay ရဲ့ နောက်ထပ်လက်ရာကောင်းဇာတ်ကားတစ်ကားဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ လျှို့ဝှက်စစ်ဆင်ရေးတိုက်ပွဲတွေမှာ အသက်စွန့်ခဲ့ရပေမယ့် ဘာဂုဏ်ပြုမှတ်တမ်းမှ မရေးထိုးပေးဘဲ ချောင်ထိုးခံလိုက်ရတဲ့ ကျဆုံးစစ်သည်နဲ့ မိသားစုတွေအတွက်  ရင်နင့်နေတဲ့ အမေရိကန်ဗိုလ်ချုပ်ဖရန့်ဟမ်းမဲလ်….ဘယ်သူမှဖဖောက်နိုင်တဲ့ထောင်ကို ဖောက်ထွက်ပြေးခဲ့ဖူးတဲ့ နာမည်ကြီးထောင်ဖောက်သမားကြီး ဂျွန်မေဆင်….FBI ဌာနရဲ့ ဓါတုဗေဒ ပညာရှင် ဂွတ်စပိဒ်….ဒီလိုထိပ်တန်းလူသုံးယောက် ကိုယ့်ခံယူချက် ယုံကြည်ချက်အတွက် တိုက်ပွဲဝင် ထိပ်တိုက်တွေ့ဆုံရာဝယ်………….။ကြည့်သင့်တဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်….မင်းသားကြီးတွေရဲ့ သရုပ်ဆောင်မှုတွေ အသောအထေ့တွေက အသက်ဝင်လွန်းပါတယ်။နီကိုလပ်ကေ့ခ်ျကို ငယ်ရွယ်နုပျိုစွာမြင်ရတာကလဲ အတော်ပဲ ကြည့်ပျော်မှာပါ။(Myo Min Aung မှခံစားတင်ထားပါတယ်။)
File size…(1.1GB)
Quality…Blu-Ray Rip 720p
Format…mp4
Duration….02:16:29
Subtitle….Myanmar Subtitle (Hardsub)

Encoder….Nyeinsaeya Aung
>>>>Show & Download<<<<

အဆင်ပြေကြပါစေဗျာ

How to Download

 

ယခု Site သည် Gold Channel , Channel Myanmar နှင့်အခြား Video Site
 များမှမျှဝေခြင်းဖြစ်ပါသည်

အချစ်ကြမ်းတဲ့ ဖုတ်ကောင်ကြီးများ (သို့မဟုတ်) Rape Zombie : Lust of the Dead 1 (2012) 21+ မြန်မာစာတန်းထိုး

Rape Zombie : Lust of the Dead 1 (2012) 21+  မြန်မာစာတန်းထိုး
==============================
၁၈+ ပရိသတ်ကြီးအတွက်.. ရင်သိမ့်တုန်အက်ရှင်ဇါတ်ကြမ်းကြီး တစ်ကား
အားပါးတရ ကြည့်ရှုနိုင်ကြပါပြီခင်ဗျာ။ ရုတ်ရင့်ကြမ်းတမ်းမှု့ အကြမ်းစားကြီးတွေပါတာကြောင့် 21+ လို့သာခေါ်လိုက်ချင်ပါတော့တယ်.။
နူကလီးယား ဗုံးကြဲခံရပြီးနောက် တိုကျိုမြို့ပေါ်က အမျိုးသမီးထုကြီးအတွက်
အန္တရာယ်ကပ်ဆိုးကြီးတစ်ခု ကျရောက်လို့ လာပါတယ်။ ယောက်ျားတွေကို
လိင်စိတ်ပြင်းပြနေတဲ့zombie အဖြစ်အသွင်ပြောင်းစေမယ့် ကပ်ဆိုးကြီးပါပဲ။
ရုံးစာရေးမလေးရယ်၊ သူနာပြုတစ်ယောက်၊ အိမ်ရှင်မတစ်ယောက်နဲ့
ကျောင်းသူတစ်ယောက် တို့ ဟာ ဒုက္ခတွေကြားထဲမှာ အန္တရာယ်ကို
တူတူရင်ဆိုင်တိုက်ခိုက်ကြဖို့ သဘောတူညီခဲ့ကြပါတယ်။ ဒီ အာသာငမ်းငမ်း
Zombie တွေကို အပြီးသတ်ချေမှုန်းနိုင်မယ့် လျှို့ဝှက်ချက်ကဘာလဲဆိုတာ
အသည်းတအေးအေး ဇောချွေးတလှပ်လှပ်နဲ့ ရှုစားကြရမှာပါ :3
18+ 19+ 21+ သူတော်ကောင်းအပေါင်းတို့ ရွှင်လန်းချမ်းမြေ့ကြပါစေဗျာ။

Translate by: Tony Vlad
Encode by: Eric Min Khant
Review by: Gemini Sugar
Quality 720P HD
Size 650MB/440MB



အဆင်ပြေကြပါစေဗျာ

How to Download

 

ယခု Site သည် Gold Channel , Channel Myanmar နှင့်အခြား Video Site
 များမှမျှဝေခြင်းဖြစ်ပါသည်

The Myth ( 2005 ) မြန်မာစာတန်းထိုး

2005 ခုနှစ်ကထွက်ရှိခဲ့တဲ့ The Myth ဇာတ်ကားကို ဒါရိုက်တာ Stanley Tong က ရိုက်ကူးတင်ဆက်
ထားပြီးတော့ နာမည်ကြီးမင်းသား ဂျက်ကီချန်းနဲ့အတူ ကိုရီးယား မင်းသမီး Kim Hee-sun (လီဟန်နီ)
က အတူတွဲဖက်ရိုက်ကူးထားပါတယ်..ဒီဇာတ်ကားရဲ့ဇာတ်ကြောင်းကတော့ အတိတ်ဘ၀နဲ့လူဝင်စား
ဘ၀ရဲ့ ဆက်နွယ်မှုတွေကိုအဓိကရိုက်ကူးတင်ဆက်ထားပါတယ်..သမိုင်းသုတေသီတစ်ယောက်ဖြစ်တဲ့
ဂျက် တစ်ယောက် ချင်ခေတ်က တပ်မှူးကြီးတစ်ယောက်အကြောင်းနဲ့ မင်းသမီးလေးတစ်ယောက်
အကြောင်းကိုအမြဲတမ်းအိမ်မက်မက်နေပြီး တပ်မှူးကြီးကတော့ သူဖြစ်နေပါတယ်..ဒီအိမ်မက်တွေ
ထူးဆန်းလွန်းနေပေမယ့် ဒီအတိုင်းသာထားခဲ့ပြီး ဂျက်ရဲ့သူငယ်ချင်းဖြစ်သူ ၀ီလျှံရောက်ရှိလာမှပဲ
လုပ်ငန်းတွေအကောင်အထည်ဖေါ်ဖြစ်ခဲ့ပါတယ်..ပရောဂျက်တစ်ခုနောက်ကိုလိုက်ရင်းနဲ့
တိုက်ဆိုင်မှုတွေထူးဆန်းမှုတွေကြောင့် ဂျက်တစ်ယောက်အံ့သြခဲ့ရပြန်ပါတယ်..
ဂျက်တစ်ယောက်နောက်ဆုံးမှာအဖြေကို ဘယ်လိုရှာတွေ့သွားမလဲ
လောဘကြီးတဲ့ ဂျက်ရဲ့သူငယ်ချင်း ၀ီလျှံ ကြောင့်ဘာတွေဖြစ်လာမလဲ
အတိတ်ဘ၀နဲ့ လက်ရှိဘ၀ ဆက်နွယ်မှုတွေ အကြောင်းကို ရိုက်ပြထားတဲ့ ဇာတ်ကားကောင်း
တစ်ကောင်းကို ဆက်လက်ရှုစားကြရမှာဖြစ်ပါတယ်..ဒီဇာတ်ကားက IMDB မှာ Rating : 6.1/10 သာ
ရရှိထားပေးမယ့် ကြည့်ရှုသင့်တဲ့ဇာတ်ကားကောင်းတစ်ကောင်းသာဖြစ်ပါတယ်…
မြန်မာစာတန်းထိုးကိုတော့  ကျွန်တော်ကိုယ်တိုင် ဘာသာပြန်ထားပြီး
နောက်ထပ် ဇာတ်ကားကောင်းကောင်းလေးအဟောင်းလေးတွေ ထပ်ပြီးတင်ဆက်ပေးဦးမယ်
ဆိုတာကိုလည်း ကြိုပြီး ကြော်ငြာဝင်ထားပါရစေ 🙂 🙂File size…1.01GB
Quality….720P
Format…mp4
Duration….02:00:42
Subtitle….Myanmar Subtitle (Hardsub)
Movie Download Link

How to Download

 

ယခု Site သည် Gold Channel , Channel Myanmar နှင့်အခြား Video Site
 များမှမျှဝေခြင်းဖြစ်ပါသည်

Ju-on: The Final Curse (2015) မြန်မာစာတန်းထိုး

mv5bogu3zdaxmmitownhnc00ytkzlwflzdktytq3nmjiyzllnmmzxkeyxkfqcgdeqxvynjq4ode3mjk-_v1_
mv5bmmi0ntg0mjetodjlzi00ytvhlwiyzdytotu5ndexmdzintuzxkeyxkfqcgdeqxvyntk5mjgxntg-_v1_
မိတ်ဆွေ သင်သိပါသလား Ju-on ဇာတ်ကားတွေဟာ ဂျပန်ရုပ်ရှင်သမိုင်းမှာ ကြောက်စရာအကောင်းဆုံးဖြစ်ခဲ့တယ်ဆိုတာကို မိတ်ဆွေသင်သိပါသလား ဟောလိဝုဒ်ရဲ့ ကြောက်စရာကောင်းလှပါပြီဆိုတဲ့ သရဲကားတွေဟာ JU-ONကို ကျောရိုးယူပြီး ရိုက်ထားတယ်ဆိုတာကို ဒီဇာတ်ကားက Ju-onဇာတ်ကားတွေရဲ့ နောက်ဆုံးကားပါ ကလေးလေးကအစပြုခဲ့တဲ့ Ju-onကျိန်စာဟာ နှစ်ပေါင်းများစွာ ဒုက္ခပေးခဲ့ပါတယ် ဒီကားကတော့ Ju-onကျိန်စာရဲ့ အဆုံးသတ်လို့ပြောရမယ့်ကားပါ ကဲအညွှန်းတိုတိုပဲရေးပေးတော့မယ် ကြည့်မယ့်သူဖီးလ်းပျက်သွားမှာစိုးလို့ပါ အခြေခံပညာကျောင်းမှာ စာသင်နေရင်း ပျောက်ဆုံးသွားတဲ့ Yui Shonoကို သူရဲ့အမ Maiက လိုက်ရှာပါတယ် မကြာခင် Teriyakiအိမ်ထောင်စုက သူရဲ့ညီမ ဘာဖြစ်သွားခဲ့တယ်ဆိုတာ Maiကိုပြောပြလိုက်ပါတယ် အဲ့ဒါကြောင့် Maiက Ju-onရဲ့အမှောင်လျှို့ဝှက်ချက်ကို ဖော်ထုတ်ပြီး အားလုံးအတွက် ကျိန်စာကို တခါထဲနဲ့ အဆုံးသတ်ဖို့ ကြိုးစားရမှာပါ
File size…(680 MB)
Quality…Bluray Rip
Format…mp4
Duration….01:30:30
Subtitle….Myanmar Subtitle (Hardsub)
Encoder…. Thanhtike Zaw
Download Here (680 MB)
Download Small File Size (300 MB)
အဆင်ပြေကြပါစေဗျာ

How to Download

 

ယခု Site သည် Gold Channel , Channel Myanmar နှင့်အခြား Video Site
 များမှမျှဝေခြင်းဖြစ်ပါသည်

Minority report (2002) မြန်မာစာတန်းထိုး





ဒီဇာတ်ကားလေးကတော့ ခေတ်လွန်သိပ္ပံအက်ရှင်အမျိုးအစားပါ။ A.D 2054 ခုနှစ်မှာ မြင့်မားလာတဲ့လူသတ်မှုပမာဏကို လျှော့ချနိုင်ဖို့ စွမ်းရည်မြင့် psychics(precog) တွေကိုသုံးပြီး လူသတ်မှုတွေကို မဖြစ်ခင် ကြိုတင်တားဆီးတဲ့ precrime ဌာနပေါ်ပေါက်လာပါတယ်၊ precrime အဖွဲ့ခေါင်းဆောင် john anderton ဟာ ဟောကိန်းအရ တရားခံတွေကို အမှုမကျူးလွန်ခင် လိုက်လံဖမ်းဆီးရပါတယ်၊ တစ်နေ့မှာတော့ ဟောကိန်းတစ်ခုမှာ john ကိုယ်တိုင်က တရားခံဖြစ်နေပါတယ်၊ ကိုယ့်ကိုယ်ကို ပြစ်မှုကျူးလွန်လိမ့်မယ်လို့ မယုံကြည်တဲ့ john ဟာ အပြစ်ကင်းစင်ကြောင်း သက်သေပြနိုင်ဖို့ ကြိုးစားရပါတော့တယ်၊ မုဆိုးကနေ သားကောင်ဘဝရောက်သွားတဲ့ john က သူ့အနာဂတ်ကို ရှောင်လွှဲနိုင်ပါ့မလား---? အပြစ်မကျူးလွန်ရသေးတဲ့သူတွေကို အပြစ်ပေးတာဟာ တကယ်ရော တရားမျှတပါရဲ့လား---? လူသားတွေကရော အနာဂတ်ကို ကြိုတင်မြင်နိုင်ရင်တောင် ပြောင်းလဲနိုင်ပါ့မလားဆိုတာကိုတော့ စိတ်ဝင်တစားကြည့်ရှုရမှာ ဖြစ်ပါတယ်၊ imdb 7.7 , rotten 90% ရထားတာကြောင့် အကြိုက်တွေ့မယ်လို့ ယုံကြည်မိပါတယ်


Translated by : Christine evangelline
Encoded by : Invoker


အဆင်ပြေကြပါစေဗျာ

How to Download

 

ယခု Site သည် Gold Channel , Channel Myanmar နှင့်အခြား Video Site
 များမှမျှဝေခြင်းဖြစ်ပါသည်

Mournng Grave (2014) မြန်မာစာတန်းထိုး

Mournng Grave (2014) မြန်မာစာတန်းထိုး

Asian Thriller တွေ မှ ကြိုက်နှစ်သက်တဲ့ GC ပရိသတ်ကြီးအတွက် ဒီတစ်ခါ
ရွေးချယ်တင်ဆက်ပေးလိုက်တာက ...Mourning Grave ဆိုတဲ့ korea  thriller ကားလေးကို ရွေးချယ်တင်ဆက်ပေးလိုက်ပါတယ်... ဇါတ်လမ်းနာမည်ကြည့်လိုက်တာနဲ့ ကျွန်တော်တို့ တော့  ကြက်သီးတောင် ထချင်ချင်ရယ် Imdb 6.0 ဆိုတော့ ရုပ်ရှင်ဝါသနာအိုးတွေအတွက် ကားကောင်းလေးတစ်ကားဖြစ်မှာ ကျိန်းသေမလွဲပါဘူး...
 ဇါတ်လမ်းအကျဉ်းအနေနဲ့ .. အင်ဆူး ဆိုတဲ့ တစ္ဆေသရဲတွေကို မြင်နိုင်စွမ်း ကူညီနိုင်စွမ်းရှိတဲ့ ဆယ်ကျော်သက် ကျောင်းသားလေးတစ်ယောက်. မြင်ရတဲ့အပြင် သူ့မှာ အဲ့ဒီပရလောကသားတွေကိုလဲ ကူညီပေးနေရတဲ့ ဒုက္ခ သူ့အတွက်ခက်နေတာက သူကူညီလေ.. သူ့အနားကို ပရလောကသားတွေက ၀ိုင်းလေဆိုတော့ သူ့ခမျာ စိတ်အိုက်ရပါတယ်.. သူ့ရဲ့ဦးလေးဖြစ်သူက တော့ ဥပက္ခာပြုထားလိုက်ရင် ပျောက်သွားမယ်လို့ အကြံပေးပေမယ့်လဲ သူ့အဖြစ်က ပိုလို့သာ ဆိုးရွားလို့လာပါတယ် အဲဒီလို သူ့ဘ၀ထဲကို နောက်ထပ်ချဉ်းနင်းဝင်ရောက်လာတာက ကျောင်းသူတစ္ဆေမလေးတစ်ယောက်၊ ဘယ်လိုပဲ ငြင်းဆန်ငြင်းဆန် သူ့အနားမှာ တွယ်ကပ်နေရင်းက သူနဲ့သူငယ်ချင်းတွေ ဖြစ်သွားကြပါတယ်
.. တပြိုင်တည်းမှာပဲ
သူတို့ စာသင်ခန်းထဲမှာ မျက်နှာဖုံးတပ် ပရလောကသားတစ်ယောက်
ပေါ်လာပြီးတဲ့အခါ..........
အတန်းထဲက ခပ်ဆိုးဆိုးကျောင်းသူတစ်ယောက် ကျောင်းသားတစ်ယောက် ပျောက်ဆုံးသွားရာကအစ.... အင်ဆူးဟာ အဲဒီ မျက်နှာဖုံးတပ်တစ္ဆေဟာ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ ဖော်ထုတ်ဖို့ ဘယ်လိုကြိုးစားမလဲ ဘာကြောင့် သူက လူတွေကို ဒုက္ခပေးနေရသလဲ သူ့ရဲ့ အမျက်ဒေါသကဘာလဲဆိုတာ ဘယ်လို အဖြေရှာမလဲ... တစ်ဖက်က သူ့ရဲ့ ဘ၀ခြားနေတဲ့ သူငယ်ချင်းကျောင်းသူတစ္ဆေမလေးကိုရော သူ ဘာတွေ လုပ်ပေးမှာလဲ ဆိုတာ ....  download လေးဆွဲပြီး ဆက်လက် ကြည့်ရှုနိုင်ကြပါပြီ
Thriller အရသာလဲ မပျက် အချစ် အလွမ်း ဟာသလေး တွေနဲ့ ကြည့်ချင်စဖွယ်ဖြစ်နေသလို.. ကျောင်းသားလူငယ်တွေကြားထဲမှာ ဖြစ်တတ်တဲ့ အနိုင်ကျင့်တာ..၊ ဗိုလ်ကျတတ်တဲ့သဘာဝလေးတွေလဲ ဒီဇါတ်ကားထဲမှာ တွေ့မြင်ရမှာဖြစ်ပါတယ်... အခြားသော korea thriller ဇါတ်ကားများနဲ့ ကွဲပြားခြားနားတယ်
ခပ်ပေါပေါသရဲဟာသကား မဟုတ်ဘူးဆိုတာ ကျွန်တော်တို့ Myanmar Channel 9 မှ ရဲရဲ ကြီး အာမခံလိုက်ပါတယ်...

Review & Encode by: Hein Min Htet
Translate by: Dan Dy



အဆင်ပြေကြပါစေဗျာ

How to Download

 

ယခု Site သည် Gold Channel , Channel Myanmar နှင့်အခြား Video Site
 များမှမျှဝေခြင်းဖြစ်ပါသည်

One Piece မြန်မာစာတန်းထိုး



One Piece  မြန်မာစာတန်းထိုး

(753+754+755)

ပင်​လယ်​ဓားပြဘုရင်​ကြီးGold Rogerရဲ့ One pieceရတနာကို သေခါနီးမှာ
ချန်​ရစ်​ခဲ့တယ်​ဆိုတဲ့သတင်း​ကြောင့်​ လူ​တော်​​တော်​များများပင်​လယ်​ထဲ
မှာ One Piece အရှာထွက်​ကုန်​ကြပါတယ်​..။ ကောက်​ရိုးဦးထုပ်​လို့
လူသိများတဲ့Luffyဟာလည်း အိပ်​မက်​ကိုယ်​စီရှိတဲ့ အဖွဲ့ဝင်​၈​ယောက်​ကိုစုစည်းပြီး
ကမ္ဘာသစ်​မှာစွန့်​စားခန်း​တွေကိုရင်​ဆိုင်​​နေပါ​တော့တယ်​..။

One pieceကားတွန်​ဟာ စထွက်​ခဲ့တဲ့အချိန်​ကစပြီး
ခုချိန်​ထိလူကြိုက်​အများဆုံးဂျပန်​ကာတွန်းဆယ်​ကားထဲမှာ
ထိပ်​ဆုံးက​နေ အမြဲရပ်​တည်​လျှက်​ရှိပါတယ်​..။
One pieceကာတွန်းဟာ အရာရာကိုမဆုတ်​မနစ်​ကြိုးစားချင်​တဲ့စိတ်​၊
အချင်းချင်းစည်းစည်းလုံးလုံးနဲ့ကိစ္စ​တွေကိုဖျက်​​ကျော်​လိုတဲ့စိတ်​ဓာတ်​​တွေ၊
 ခွန်​အား​တွေ​ပေးနိုင်​တာအမှန်​ပါ One piece ဖန်​တီးသူEiichiro Odaဟာ
စဖန်​တီးတုန်းကအပိုင်း၁၀၀​လောက်​ပဲ​ရေးဆွဲမယ်​လို့ရည်​ရွယ်​ခဲ့​ပေမယ့်
 မထင်​မှတ်​ပဲလူကြိုက်​များ​အောင်​မြင်​မှုရခဲ့တာ​ကြောင့်​ စထွက်​တဲ့အချိန်​ကစပြီး
ခုချိန်​အထိ နှစ်​​ပေါင်း၁၉နှစ်​အတွင်း ​အပိုင်း၇၀၀​ကျော်​အထိထွက်​ရှိခဲ့ပါပြီ
Eiichiro Odaကိုယ်​တိုင်​ကလည်း ဇာတ်​သိမ်းပိုင်း​ရောက်​ဖို့​နောက်​ထပ်​သုံးပုံတစ်​ပုံကျန်​​သေးတယ်
လို့ဝန်​ခံထားပါတယ်​..။
ကျ​နော်​တို့Fan​တွေကိုယ်​တိုင်​လည်းဇာတ်​လမ်းအဆုံးကို သိချင်​​ပေမယ့်​ one piece
ဇာတ်​လမ်းဆုံးသွားမှာကိုလည်းစိုးရိမ်​မိတာအမှန်​ပဲဒါ​ပေမယ့်​ Eiichiro Odaရဲ့
ကျန်းမာ​ရေးဟာတဖြည်းဖြည်းချွတ်​ယွင်းလာတာ​ကြောင့်​ one pieceဇာတ်​လမ်းလည်း
မကြာခင်​ပြီးဆုံး​တော့မယ်​လို့​ကောလဟာလ​တွေထွက်​​နေပါတယ်​..။
ဇာတ်​လမ်းပြီးဆုံးသွားရင်​​တောင်​ One Pieceကားတွန်းကား​လေးကိုကျ​နော်​တို့​တွေအမှတ်​ရပြီး
ကျန်​​နေခဲ့မယ်​ဆိုတာအ​သေအချာပါပဲ ..။ အခုတော့ Wano Kingdmom Arc ရဲ့ အစပိုင်းဖြစ်တဲ့

Episode 753 ကနေစပြီး တင်ဆက်ပေးလိုက်ရပါတယ်.။ အပတ်စဉ် Update လုပ်ပေးသွားမှာလဲဖြစ်ပါတယ်.။


Translate & Encode by: Dr.Nyan


You might also like:

အဆင်ပြေကြပါစေဗျာ

How to Download

 

ယခု Site သည် Gold Channel , Channel Myanmar နှင့်အခြား Video Site
 များမှမျှဝေခြင်းဖြစ်ပါသည်

The Neighbour (2016) မြန်မာစာတန်းထိုး




The Neighbour (2016) မြန်မာစာတန်းထိုး
 (Up to Date ဇာတ်ကားကောင်းတစ်ကားဖြစ်တာတော့ ပြောဖို့မလိုတော့ဘူးထင်ပါတယ် ;) )

ကျွန်တော်တို့ Myanmar Channel9  မှ movies များကို စောင့်မျှော်အားပေးနေကြတဲ့ ပရိသတ်တွေအတွက် နောက်ထပ် Crime/Thriller ကားလေး တစ်ကားကို ထပ်မံတင်ဆင်လိုက်ပါပြီ။ 2016 August လအကုန်မှာ ထွက်ရှိထားတာဖြစ်ပြီး Imdb မှာ rating 5.9 အထိ ရရှိခဲ့ပါတယ်။
ဇါတ်လမ်းအကျဉ်းချုပ်ကို အတိုဆုံး ချုံ့ပြောရရင်... ဒုစရိုက်လုပ်ငန်းတွေ လက်ဝေခံ လုပ်တတ်တဲ့...  စုံတွဲတစ်တွဲ နဲ့ ပရိတ်သတ်ကို အစပျိုး မိတ်ဆက်ထားပေးပါတယ်။ ဇါတ်ကားရဲ့ နာမည် The Neighbour ( အိမ်နီးချင်း ) ဆိုတဲ့ အတိုင်း သူတို့ ရဲ့ အိမ်နီးချင်း Troy ဆိုတဲ့ လူတစ်ယောက်ပါဝင်လာတာကအစ ဇါတ်လမ်း ရဲ့ အချိုးအကွေ့က ပြေပြေပြစ်ပြစ် နဲ့ ကြည့်လို့ အဆင်ပြေပါတယ်။ သူတို့ စုံတွဲဟာ ဒီ ဒုစရိုက်လုပ်ငန်းတွေကို စွန့်လွှတ်ပါတော့မယ်ဆိုတဲ့အချိန်ကျမှ Troy ဆိုတဲ့ အိမ်နီးချင်းက သူတို့ကို စပ်စုနေသလိုလို စောင့်ကြည့်နေသလိုလို.. ခံစားနေရတဲ့အတွက်ကြောင့်... သူတို့ကလဲ တပြန် Troy ရဲ့ အခန်းထဲကို... မှန်ဘီလူးနဲ့ ချောင်းမြောင်းကြည့်ရှုခဲ့တဲ့အခါမှာ
Troy ရဲ့ ဖုံးကွယ်ထားတဲ့ တကယ့် ဘ၀အမှန်က ဘာလဲ
Troy ရဲ့ မြေအောက်ခန်းမှာ ဘာတွေလျှို့ဝှက် သိမ်းဆည်းထားသလဲလို့
Myanmar Channel9 ပရိသတ်ကြီး လဲ သူတို့ နှစ်ယောက်နဲ့ အတူ အဖြေရှာကြည့်လိုက်ပါဦး
Thriller ပရိသတ်ကြီးအတွက်တော့ Download ဆွဲရကျိုးနပ်တဲ့ ကားကောင်းတစ်ကောင်းဖြစ်မှာပါ။ အရုပ်ပိုင်း အသံပိုင်း ကြည်ကြည်လင်လင် နဲ့မြန်မာ ဘာသာပြန် အထားအသို ကို အကောင်းဆုံးဖြစ်အောင် 
Goldchannel team မှ ၀ိုင်းဝန်းကြိုးပမ်းထားပေးပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..။

Reveiw by: Hein Min Htet
Translate by: အောင်ဘုန်းလှိုင်
Encode by: Eric Min Khnat
Quality 720P HD




Watch & Download HD 800MB
Small File 600 MB

အဆင်ပြေကြပါစေဗျာ

How to Download

 

ယခု Site သည် Gold Channel , Channel Myanmar နှင့်အခြား Video Site
 များမှမျှဝေခြင်းဖြစ်ပါသည်

Level Up (2016) မြန်မာစာတန်းထိုး




Level Up (2016) မြန်မာစာတန်းထိုး

စာမေးပွဲအပြီး Up-to-date တွေ ကြည့်လို့ရော အလျင်မှီကြရဲ့လားဗျာ
ကျွန်တော်တို့လို movie ၀ါသနာအိုးတွေအချင်းချင်း ကြည့်ရှုစေလိုတဲ့စေတနာနဲ့
Goldchannel team မှ အစဉ်တစိုက် ကြိုးပမ်းလျက်ရှိပါတယ်.....

 ခုတစ်ခါ Level Up ဆိုတဲ့ Action/Thriller ကားကောင်းလေးတစ်ကောင်းကို
ကျွန်တော်တို့ရဲ့ Translator ကြီး Ye' Yint Thu မှ စေတနာတွေ ဗလပွနဲ့
တိတိကျကျ ဘာသာပြန်ပြီး တင်ဆက်ပေးလိုက်ပါတယ်။

Imdb 4.5 ဆိုပေမယ့် လျှော့တွက်လို့မရပါဘူး..  ဟာ ဒီကား ကောင်းတယ်ကွလို့ ပရိသတ်ကြီး ဇါတ်လမ်းအဆုံးမှာ မှတ်ချက်ချမိပါလိမ့်မယ်...

ဇါတ်လမ်းအကျဉ်း -  ချစ်သူကို ပြန်ပေးဆွဲခေါ်သွားတဲ့ လူတစ်စုက ခိုင်းစေတဲ့အတိုင်း နည်းနည်း ဆန်းကျယ်တဲ့ ပစ္စည်းတစ်ခုကို သူတို့ ခိုင်းတဲ့အတိုင်း ပို့ဆောင်ပေးရတဲ့ Survival ဇါတ်လမ်း အမျိုးအစားဖြစ်ပါတယ်။ Survival movie တွေရဲ့ ထုံးစံအတိုင်း struggle တွေတော့ လှလှပပကြီး ရှုစားရမှာပါ။
အသက် ၃၅ နှစ်ဝန်းကျင်သာရှိသေးတဲ့ ဒါရိုက်တာ Adam Randall ဟာ ခုလို
ရှာရှာဖွေဖွေ ဇါတ်ကားလေးတွေ..  ကိုယ်တိုင်ရေးသားပြီး ရိုက်ကူးလေ့ရှိတတ်တာမို့ .. သူ့ရဲ့ ဇါတ်လမ်းလေးတွေက အမြဲလိုလို ဆွဲဆောင်မှု ရှိတတ်တယ်ဆိုတာ  စကားချပ်အနေနဲ့ လက်ဆောင်ပါးပါရစေ၊
ကျေးဇူးတင်ပါတယ်..။

Review by: Hein Min Htet
Translate by: Ye Yint Thu
Encode by: Invoker
Quality 720P HD



အဆင်ပြေကြပါစေဗျာ

How to Download

 

ယခု Site သည် Gold Channel , Channel Myanmar နှင့်အခြား Video Site
 များမှမျှဝေခြင်းဖြစ်ပါသည်

I'm not Serial Killer (2016) မြန်မာစာတမ်းထိုး

I'm not Serial Killer (2016) မြန်မာစာတမ်းထိုး

ဇါတ်ကားနာမည်ကို ကြည့်လိုက်တာနဲ့  Thriller လို့ ပြောစရာမလိုတော့ဘူး မဟုတ်လား ပရိသတ်ကြီး 😀

ဒီတစ်ခါတော့ လုံးဝ မကြည့်မဖြစ်ကြည့်သင့်တယ်လို့... လက်တို့ချင်တယ်ဗျာ။
ဇါတ်ကားတစ်ကားကို အချိန်ပေးပြီး စိတ်ကူးပေါက်မှ ထထရိုက်တတ်တဲ့
ဒါရိုက်တာ Billy O'Brien ရဲ့ လက်ရာကောင်းတစ်ခုပါ။ ဘဲကြီးက ကားထွက်ကျဲ ပေမယ့် သူ့ကားလေးတွေက ကောင်းပါတယ်။ The Hybrid တို့ဘာတို့ပေါ့လေ Movie criticize ကြမ်းတဲ့ Rotten Tomatoes ကတောင် ဒီကားကို 86% ပေးထားပါတယ်။ Imdb rating 6.1 ဆိုတော့ ကြွေပြီပေါ့ဗျာ။
ဒီလို သိမ်းထားသင့်တဲ့ကားကောင်းလေးတစ်ကားကို Transaltor Cho Thazin Soe မှ အချိန်ပေးပြီး ကျကျနန ဘာသာပြန်ပေးထားပါတယ်။

အတိုချုံးပြီးပြောပြပါ့မယ်  မြို့ငယ်လေး တစ်မြို့က ဆယ်ကျော်သက် လူငယ်လေး
တစ်ယောက်ရဲ့ အတွင်းစိတ်ထဲက လူသတ်ချင်တဲ့ ဗီဇ.... သာမန်ထက်ပိုတဲ့ အစွမ်းတွေနဲ့.. .အသက်ကို နှုတ်ယူတတ်တဲ့ လူသတ်ကောင်... ဒီနှစ်ခုရဲ့ အားပြိုင်မှုနဲ့ ကျွန်တော် ဆက်ပြောပြနေရင် အရသာပျက်ကုန်မှာစိုးလို့.. ဒီလောက်နဲ့ ရပ်ထားပါ့မယ်။  နောက်ထပ်စကားချပ်အနေနဲ့
Silence of the lambs ရဲ့ ပရိသတ်ဖြစ်ခဲ့ဖူးရင် ဒီကားကိုလဲ ကြွေမှာမလွဲဘူးဗျို့
Where the wild things are ထဲက ကောင်လေးကိုတော့မှတ်မိကြတယ် မဟုတ်လား..

ရွှင်လန်းချမ်းမြေ့ကြပါစေ

Review by: Sugar
Translate by: Cho Thazin Soe
Enocde by: Eric Min Khant


အဆင်ပြေကြပါစေဗျာ

How to Download

 

ယခု Site သည် Gold Channel , Channel Myanmar နှင့်အခြား Video Site
 များမှမျှဝေခြင်းဖြစ်ပါသည်

Empire of Corpses (2015) မြန်မာစာတန်းထိုး

Empire of Corpses (2015) မြန်မာစာတန်းထိုး


မင်္ဂလာပါ Myanmar Channel9 ပရိသတ်ကြီးအတွက် အာရုံအပြောင်းအလဲလေး ဖြစ်သွားအောင်.. Japan Anime ပရိသတ်တွေအတွက်လဲ collect လုပ်စရာ
တစ်ခုတိုးအောင် Imdb 6.2 နဲ့ Myanimelist.net က 7.0 ပေးထားတဲ့ ကားကောင်းလေးတစ်ကားကို Admin team မှ ရှာဖွေ ရွေးချယ် တင်ဆက်ပေးလိုက်ပါတယ်။

Dr. Victor Frankenstein ဆိုရင် ရုပ်ရှင်ချစ်သူတွေနဲ့ အတော်ကြီးကို ရင်းနှီးနေကြမှာပါ Victor မရှိတဲ့တော့နောက် ပျောက်ကွယ်သွားခဲ့တဲ့ သူ့ရဲ့ ဖန်တီးမှု The One ဆိုတဲ့ Creature ကြီး ဘယ်ရောက်သွားသလဲဆိုတာကို...  ဇါတ်လမ်းရေးသားသူက ဒီထဲမှာဆက်လက်ကွန့်မြူးပြီး အဖြေထုတ်ပြထားတာကို ရှုစားရပါလိမ့်မယ်။

ဇာတ်လမ်းရဲ့ အစမှာ
Frankenstein နဲ့ အတူ ကွယ်ပျောက်သွားတဲ့ Victor ရဲ့ နည်းပညာအကြောင်း
၁၈၀၀ လွန်နှစ်များမှာ... တိုးတက်ထွန်းကားလာတဲ့ သက်မဲ့ကျွန်တွေအကြောင်း နဲ့  အစပျိုးထားပြီး.. Watson နဲ့ Friday ဆိုတဲ့ ဆေးကျောင်းသား သူငယ်ချင်းနှစ်ယောက်. နည်းပညာနောက်ကို အရူးအမူးလိုက်ခဲ့ကြရင်းက... Friday ဟာ သူ့အသက်ကို စတေးလိုက်ရပါတော့တယ်။ Watson ဟာ Frankstein ထားရစ်ခဲ့တဲ့ မှတ်တမ်းနောက် လိုက်ရင်း.. Hadaly ဆိုတဲ့ အမေရိကန် စပိုင်မလေးနဲ့ ဆုံဆည်းခဲ့ပြန်ပါတယ်၊ တစ်ဖက်မှာ  frankenstein ရဲ့ The One ဆိုတဲ့ creature ကြီး ကလဲ တကျော့ ပြန်လည်နိုးထလာတဲ့အခါ....
Friday ကို ပေးခဲ့တဲ့ ကတိတွေ သံယောဇဉ်တွေနဲ့ Watson တစ်ယောက်
သူငယ်ချင်းကို ပြန်ကယ်တင်နိုင်မှာလား၊ အမေရိကန် အစိုးရ နဲ့ ဗြိတိသျှ  ရုရှ
သုံးပွင့်ဆိုင် နိုင်ငံရေးတွေကြားထဲမှာ Watson က ဘယ်နေရာက ပါဝင်လာမလဲ
The One က လူဆိုးလား လူကောင်းလား.. ဆိုတာ  GC ပရိတ်သတ်ကြီး
ရင်တမမ နဲ့ ရှုစားကြရမှာပါ။ 

တစ်ခုလောက် စကားလက်ဆောင်ပါးချင်တာက ဇါတ်ကားလေးရဲ့ အဆုံးမှာ
ကျွန်တော်တို့ ရဲ့ ချစ်လှစွာသော မိတ်ဆွေကြီး ရှားလော့ဟုမ်း နဲ့
ဒေါက်တာဝပ်ဆန် ကို တွေ့ရပါလိမ့်ဦးမယ် ပရိသတ်ကြီးခင်ဗျ၊

( ရွှင်လန်းချမ်းမြေ့ကြပါစေ)
Review & Translate by: Geminin Sugar
Encode by: Hein Min Htet
Quality -720P HD Bluray -Rip

Watch & Download 655MB 

အဆင်ပြေကြပါစေဗျာ

How to Download

 

ယခု Site သည် Gold Channel , Channel Myanmar နှင့်အခြား Video Site
 များမှမျှဝေခြင်းဖြစ်ပါသည်

Skiptrace (2016) မြန်မာစာတန်းထိုး


Skiptrace (2016) HDTS မြန်မာစာတန်းထိုး

၂၅ နှစ် ကျော်က စိတ်ကူးကို အကောင်အထည်ဖော်ခဲ့သည့် ဂျက်ကီချန်း၏ Skiptrace ဇာတ်ကား
ကမ္ဘာကျော် အက်ရှင်မင်းသားကြီး ဂျက်ကီချန်း၏ ဇာတ်ကားသစ်ဖြစ် သည့် Skiptrace အမည်ရှိ ဟောင်ကောင်-တရုတ်-အမေရိကန် အက်ရှင် ဇာတ်မြူးကားအတွက် ထုတ်လုပ်ရေးလုပ်ငန်းများကို အချိန် နှစ်နှစ်ကြာအောင် ဆောင်ရွက်ခဲ့ ရကြောင်း၊ ယင်းဇာတ်ကားရိုက်ကူးရန် စိတ်ကူးရရှိခဲ့သည်မှာ ဆယ်စုနှစ် နှစ်စုမျှပင် ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ကျင်းပသည့် ယင်းဇာတ်ကား၏ ပရိုမိုးရှင်းပွဲတွင် ဂျက်ကီချန်းက ထည့်သွင်းပြောကြားခဲ့သည်။
''ဒီဇာတ်ကားကို ပုံဖော်ဖို့အတွက် စိတ်ကူးက လွန်ခဲ့တဲ့ ၂၅ နှစ်ကတည်း က ရှိခဲ့တာပါ။ နောက်ပြီးဒီဇာတ်ကား ကိုပုံဖော်ရာမှာ တရုတ်ယဉ်ကျေးမှု ဓလေ့ထုံးစံနဲ့ ကမ္ဘာ့ယဉ်ကျေးမှုတို့ကို ဘယ်လိုယှဉ်တွဲ ပေါင်းစပ်မလဲ ဆိုတာကိုလည်း အမြဲအိပ်မက်မက် စဉ်းစား နေခဲ့တာပါ''ဟု ¤င်းက ဆိုသည်။
ထို့အပြင် ယင်းဇာတ်ကား ရိုက်ကူး နေစဉ်အတွင်း မင်းသား ဂျက်ကီချန်း အတွက် အသက်အန္တရာယ်ရှိသည် အထိ ထိခိုက်အနာတရဖြစ်မှုမျိုးဖြစ်ပွားခဲ့ကြောင်း၊ ရေပြင်အတွင်း၌ ရိုက်ကူးရေးဆောင်ရွက်စဉ် ကြီးမား လှသော လှိုင်းလုံးကြီးများကြောင့် ဖောင်နှင့်ကွဲကာ ရေထဲ မျောပါခဲ့ရ သဖြင့် ရေကူးမကျွမ်းကျင်သူ ဂျက်ကီချန်းအတွက် အသက် အန္တရာယ်နှင့်ရင်ဆိုင်ခဲ့ရပုံကို အဆိုပါ အခမ်းအနားတွင် ပြောသည်။
''ဖောင်က ရေအလျဉ်နဲ့ ကျွန်တော့်ဘက် ပြန်ရောက်လာလို့ သာပေါ့။ အသက်နဲ့ကိုယ်မြဲနေတာ။ အဲဒီအချိန်တုန်းက အရမ်းကို တုန်လှုပ်ခဲ့ပါတယ်''ဟု ဂျက်ကီချန်းက ပြောသည်။
ထို့အပြင် အက်ရှင်မင်းသားကြီး ဂျက်ကီချန်းက ¤င်းအနေဖြင့် အက်ရှင်ဇာတ်ကားများကို အလွန် အင်မတန် နှစ်သက်သော်လည်း အကြမ်းဖက်မှုကို မလိုလားပါကြောင်း၊ အက်ရှင်ဇာတ်ကားများ ရိုက်ကူး သည့်အခါ သွေးထွက်သံယိုခန်းများ မပါဝင်စေရန် အမြဲစဉ်းစားတွေးတော ခဲ့ကြောင်း၊ တရုတ်ကိုယ်ခံပညာ အကြောင်းဖော်ပြသည့် ဇာတ်ကားများ တွင် အကြမ်းဖက်မှုများမပါဝင်ရန် အလို့ငှာ အက်ရှင်ဟာသဇာတ်မြူး ကားများသည်သာ အသင့်တော်ဆုံး ဖြစ်ကြောင်း ၄င်း၏ အယူအဆကို ပြောပြခဲ့သည်။
Skiptrace ဇာတ်ကားသည် အငြိမ်းစားစုံထောက် တစ်ဦးက အမေရိကန် ဝါရင့်လောင်းကစားသမား တစ်ဦးနှင့် အုပ်စုဖွဲ့မိကာ မှုခင်းရေးရာ ကိစ္စများကို စုံစမ်းရှာဖွေဖော်ထုတ် သည့် အက်ရှင်ဇာတ်ကားတစ်ကား ဖြစ်သည်။
ယင်းဇာတ်ကားတွင် တရုတ် မင်းသမီး ဖန်ပင်းပင်းနှင့် အမေရိ ကန်မင်းသားJohnny Knoxville တို့ ပါဝင်သရုပ်ဆောင်ထားသည် ..။
 ထွက်ရှိခဲ့ သမျှထဲတွင် အကြည်ဆုံး Version ကိုရွေးချယ်တင်ဆက်ပေးထားခြင်းဖြစ်ပြိး Bluray Update ရပြီးပါကလဲ အချိန်နှင့်တပြေးညီတင်ဆက်ပေးသွားမည်ဖြစ်ပါသည်..။

(ကို SKL ၏ Subscence.com တွင်တင်ထားသော စာဖိုင်ကိုယူပြီး Encode လုပ်ထားခြင်းဖြစ်သည့်အတွက် စာဖိုင်အတွက်ဥာဏ်ပူဇော်ခကို Goldchannel  Page Chat box မှတစ်ဆင့်လာရောက်ထုတ်ယူနိုင်ပါကြောင်း လေးစားစွာပန်ကြားအပ်ပါသည်.။ လေးစားလျှက်. #GCAdminteam)

Review Credit to - 7day Daily
Translated by: SKL
Encode by: Eric Kyaw Min Khant

Watch & Download Here Full 
Small File
အဆင်ပြေကြပါစေဗျာ

How to Download

 

ယခု Site သည် Gold Channel , Channel Myanmar နှင့်အခြား Video Site
 များမှမျှဝေခြင်းဖြစ်ပါသည်

သွေးမုန်တိုင်းနှင့် စုန်းမမြို့တော် (သို့မဟုတ်) Salem (Tv Series) 18+



သွေးမုန်တိုင်းနှင့် စုန်းမမြို့တော် (သို့မဟုတ်) Salem (Tv Series) 18+
imdb Rating -7.2/10
အေဒီ ၁၇ ရာစုတုန်းက အမေရိကန်ပြည်ထောင်စုမှာ တကယ်ရှိခဲ့တယ်ဆိုတဲ့ စုန်းမတွေအကြောင်းကို အခြေပြုပြီး ရိုက်ကူးထားတဲ့ ဇာတ်လမ်းတွဲပါ။
လူစိတ်ဝင်စားမှုများတဲ့ စီးရီးကောင်းတစ်ခုဖြစ်ပြီး IMDB 7.2/10 ရရှိထားလို့ ကြည့်ရကျိုးနပ်မယ့် ဇာတ်လမ်းတွဲဖြစ်ပါတယ်။ Dark Age အခြေပြု ဇာတ်လမ်းတွေရဲ့ ထုံးစံအတိုင်း 18+ အခန်းတွေလဲ မကြာခဏဆိုသလို မြင်တွေ့ရပါတယ်.။
အဲ့ဒီ့ခေတ်က စုန်းကဝေပညာ မိစ္ဆာပညာကို အင်မတန်ထိတ်လန့်ကြောက်ရွံ့ကြပြီး စုန်းမလို့ အသမုတ်ခံရရင်ကို တိုင်မှာချည်ပြီးမီးရှို့သတ်လေ့ရှိကြပါတယ်. ။ဒီလိုဖိနှိပ်မှု့တွေပြင်းထန်နေတဲ့ အချိန်ကာလတစ်ခုမှာ လူသားတွေ သဘာဝဆန်းကြယ် မိစ္ဆာကောင်တွေနဲ့ စုန်းတွေရဲ့ ကြားမှာ ပဋိပက္ခတွေကြား ငြိမ်းချမ်းမှု့ဆိုတာကို ဖော်ကျူးပေးမယ့် စုန်းမလေးတစ်ယောက်ပေါ်လာပါတယ်။ ရှေးခေတ်ပါးစပ်ရာဇ၀င်တွေအရ အပျင်းပြေလူသားတွေဆီသွားပြီး မီးအ၇ှို့ခံတယ်တယ်ဆိုတဲ့ အင်မတန်တန်ခိုးကြီးလှတဲ့ မေရီဆိုတဲ့ စုန်းမတစ်ဦးရဲ့ ဘ၀ဇာတ်လမ်းတစ်ခုပါ.။
ဒီဇာတ်လမ်းမှာတော့ မြို့လေးကိုထိန်းချုပ်ပြီး အောက်လမ်းစွမ်းအင်နဲ့ အစီအမံတွေနဲ့ သတ်ကွင်းတစ်ခုအဖြစ်ဖန်တီးမယ့် အောက်လမ်းမိစ္ဆာကောင်တွေရဲ့ ရန်ကနေ အကာအကွယ်ပေးတဲ့ မေရီကို စတင်မိတ်ဆက်အနေနဲ့မြင်တွေ့ရမှာပါ.။ အခြား Horrorာတ်လမ်းတွေနဲ့ မတူခွဲထွက်ထားပြီး ရက်စက်မှု့ ပြင်းထန်တဲ့ ခြောက်လန့်မှု့တွေနဲ့ အတူ ကြောက်လန့်ဖွယ်ရသလည်းပေးပြီး
စိတ်ဝင်စားဖို့ကောင်းအောင် ရိုက်ကူးပြသထားတဲ့ ဇာတ်လမ်းတွဲဖြစ်လို့ ကြည့်ရှုသင့်ပါတယ်။ သရဲကားလိုမျိုးလည်း သက်သက်ကြီးခြောက်လှန့်နေတာမဟုတ်ပဲ
အသည်းတယားယားနဲ့ အိပ်ခါနီးမှ ပြန်ပြန်တွေးမိလောက်အောင် ပညာသားပါပါရိုက်ကူးထားတဲ့ဇာတ်လမ်းတွဲလေးမို့ တမူထူးခြားတဲ့ရသ ခံစားလိုသူတွေအတွက်တော့ ရွေးချယ်စရာဇာတ်လမ်းကောင်းတစ်ခုဖြစ်ပါတယ်။ 2014 ခုနှစ်က စတင်ပြသခဲ့တဲ့စီးရီးတစ်ခုဖြစ်ပြီး Goldchannel ပရိတ်သတ်ကြီးအတွက်ရွေးချယ်စရာကောင်းတစ်ခုဖြစ်မှာပါ..။

Review by: Scarlet Phoenix
Translate & Encode by: Hein Min Htet






Episode 1 
Episode 2 
Episode 3 
Episode 4 


အဆင်ပြေကြပါစေဗျာ

How to Download

 

ယခု Site သည် Gold Channel , Channel Myanmar နှင့်အခြား Video Site
 များမှမျှဝေခြင်းဖြစ်ပါသည်